
မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ် ဈေးကောင်းရနေသည့် သဘာဝမှိုများကို ရောင်းချလျက်ရှိရာ မှိုများကို စက်တင်ဘာလ တတိယအပတ်တွင် ဈေးကွက်သို့ စတင် ဝင်ရောက်လာပြီး စက်တင်ဘာလစတုတ္ထအပတ်တွင် လှိုင်လှိုင်ရရှိ၍ ဈေးကောင်းရရှိလျက်ရှိ ကြောင်း သိရသည်။
သဘာဝငှက်စွေ့မှိုများကို မြစ်အရှေ့ဘက်၊ မြစ်အနောက်ဘက်ရှိ ကျေးရွာများမှာ မိုးရာသီကုန်ခါအနီးတွင် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သည့် သဘာဝ မှိုများကို ရှာ၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန်ရောင်းချလျက်ရှိရာ စက်တင်ဘာလ စတုတ္တ အပတ်တွင် ရောင်းချနေသော ငှက်စွေ့မှိုဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သား (၇၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းအားကောင်းလျက်ရှိပြီး အသား/ငါးများသည် အချိန်မရွေး ဝယ်ယူစားသုံးနိုင်ပြီး သဘာဝမှိုများသည် တစ်နှစ်မှာ တစ်ချိန်သာ ရရှိ၍ ချို၍စားကောင်းသည့်အတွက် ဝယ်ယူစားသုံးမှုများပြားနေကြောင်း သိရပါသည်။
DOCA (စစ်ကိုင်း)
