
ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုမူဝါဒနှင့် မဟာ ဗျူဟာရုံး (TPSO) ၏ စက်တင်ဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် သြဂုတ်လ ထိုင်း နိုင်ငံ၏ဆန်တင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၇၃၉၄၉၇ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လကထက် ၁၆.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စုစုပေါင်းတင်ပို့မှု ပမာဏ တန်ချိန် ၅၀၃၆၄၄၉ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယဉ်ပါက ၂၄.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ တန်ဖိုးအားဖြင့် သြဂုတ်လ၏ ဆန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉၄၈ ဘီလီယံ၊ ထိုင်းဘတ် ၁၂.၆၅ ဘီလီယံခန့် ရှိပြီး ၃၀ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ အမေရိကန်၊ တောင်အာဖရိက၊ ဆီနီဂေါ၊ အီရတ်နှင့် မိုဇမ်ဘစ်တို့ကဲ့သို့သော စျေးကွက်များတွင် ကျဆင်းမှုနှင့်အတူ ထိုင်းနိုင်ငံဆန်တင်ပို့မှုသည် ၁၀ လ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။ သို့သော်လည်း ကင်မရွန်း၊ တရုတ်၊ မလေးရှား၊ ဟောင်ကောင်နှင့် ကနေဒါတို့တွင် ပို့ကုန်များတိုးမြင့်လာခဲ့သည်။ ပြည်တွင်းဆန်စျေးနှုန်းများ လည်း ကျဆင်းခဲ့ပြီး ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဆိုအရ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆန်ဖြူတစ်တန်လျှင် ဘတ် ၆၅၀၀ မှ ၆၇၀၀ အကြားရှိပြီး စက်တင်ဘာလ ၁၇ ရက်နေ့ကရှိခဲ့သော ဆန်ဖြူတစ်တန် ဘတ် ၆၇၀၀ မှ ၆၉၀၀ အကြားစျေးနှုန်းမှ ၂၀၀ ဘတ်နီးပါးကျဆင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Jasmine ဆန်စျေးနှုန်းမှာမှူ တစ်တန်လျှင် ဘတ် ၁၅၅၀၀ မှ ၁၆၀၀၀ အကြား မပြောင်းလဲပဲတည်ရှိလျက်ရှိသည်။
Source : Nationthailand
DOCA(ရန်ကုန်)
