တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာ ပထမအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၃.၁၀.၂၀၂၂) မှ (၆. ၁၀ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေ ကိုက်လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ထိုင်းဘတ်ငွေ စျေးနှုန်းများ ကျဆင်းနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းများကျဆင်းလျက် ရှိပြီး အရောင်းအဝယ်မှာပုံမှန်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)