မော်လမြိုင် ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

Powered by Drupal

     မော်လမြိုင်မြို့၌ ယခုလ ဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိ နေပြီး ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၉၆၀၀၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀၀၊ ဆင် (ထိုင်း) ကျပ် ၁၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ ဈေးနှုန်း အနည်းငယ်ကျလာပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

    အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၈၀၀၀၊ ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၈၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၅၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၈၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၄၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%  (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၀၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၀၀၀၀၊ ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၂၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၇၀၀၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ ၁ ပုလင်းမှာ ကျပ် ၁၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)