
ChatGPT ထုတ်လုပ်သူ၏ ဉာဏ်ရည်မြင့် AI ဒေတာစင်တာအား အထောက်အကူ ပြုရန်အတွက် OpenAI နှင့် သဘောတူညီမှု ရရှိအပြီးတွင် တောင်ကိုရီးယားနိုင်ငံ Samsung Electronics ကုမ္ပဏီ၏ ရှယ်ယာများသည် ၄.၇ ရာခိုင်နှုန်းခန့်၊ SK Hynix ၏ ရှယ်ယာများသည်လည်း ၁၂ ရာခိုင်နှုန်းခန့် စသဖြင့် အသီးအသီး မြင့်တက်လာခဲ့ကြောင်း သိရပါ သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့သော ပူပေါင်းဆောင်ရွက်မှုသည် လေးနှစ်အတွင် Samsumg ရှယ်ယာများကို အမြင့်ဆုံးအထိ ရောက်ရှိစေခဲ့ပြီး SK Hynix သည် ၎င်းတို့၏ စျေးကွက်အရင်းအနှီးကို ဒေါ်လာ ၃၇ ဘီလီယံခန့် ပေါင်းထည့်နိုင်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံတွင် AI အခြေခံအဆောက်အအုံ တည်ဆောက်ရန် သမ္မတ Donald Trump ၏ ဒေါ်လာ ၅၀၀ ဘီလီယံ Stargate ပုဂ္ဂလိက ကဏ္ဍ ပဏာမခြေလှမ်းတွင် ပါဝင်သည့် OpenAI သည် လျှပ်ကူးပစ္စည်းဝယ်ယူရေးတွင် Chipmaker ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းကာ ဒေတာ စင်တာ ၂ ခုကို တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဒေတာ စင်တာအသစ်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်တွင် Ai အချက်အချာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ AI အသုံးချမှု များပြားလာခြင်း ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့မှုများ စက်တင်ဘာလတွင် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံနှင့် အကောက် ခွန် လျော့ချစေရန်နှင့် အပြန်အလှန်အနေဖြင့် အမေရိကန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန်အတွက် ကုန်သွယ်ရေးသဘောတူညီမှုများကို ပြုလုပ်ရန် မျှော်မှန်း လျက်ရှိကြောင်း သိရပါသည်။
Source: CNA
DOCA (ရန်ကုန်)
