ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း နှင့် သက်ဆိုင်ရာဆီကုမ္ပဏီမှ တာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီး ကျေးရွာအုပ်စုရှိ ရခိုင်ရိုးကြီး ကျေးရွာနှင့် ရခိုင်ရိုးလေးကျေးရွာနေ ပြည်သူများအား စားအုန်း ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကားကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကိုယ်စားလှယ်များမှတစ်ဆင့် ကျေးရွာနေပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပြီး ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချမှုရှိ/မရှိ၊ ဆီထုတ်ယူခွင့်မှတ်တမ်းစာအုပ်များ ထားရှိမှုအခြေအနေ၊ စားသုံးသူများထံသို့ အမှန်တကယ်ရောင်းချမှုနှင့်အခြားမသမာသောနည်းလမ်းများဖြင့် ရောင်းချမှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)