
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၉.၁၀.၂၀၂၅ ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မြစ်ကြီးနားမြို့ရှိ Online Shop လုပ်ငန်းရှင်(၅)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg System ၏ Reportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
