
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးစီးမှူးရုံးမှ၊ ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ၊ ဝန်ထမ်းတစ်ဦးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချ နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သီရိအောင်၊ သဇင် စသည့် အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၇၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက် ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန်ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသောခွဲတမ်းရရှိသည့်အတိုင်းအားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ် ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)
