
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၄.၉.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက် စောင်ကြည့်စစ်ဆေးခဲ့ ပါသည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဈေးကွက်ထဲတွင် Dumex Dupro မှတ်တံဆိပ်နှင့် အလားတူပုံစံအတုများထွက်ရှိနေသဖြင့် ကွင်းဆင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဌာနခွဲ တာဝန်ခံက Dumex Dupro အစစ်နှင့် အတု ခွဲခြားသိနိုင်မည့် အချက်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
