လားရှိုးကြက်နှင့် ကြက်ဥဈေးကောင်းရ

Powered by Drupal

        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကြက်သားနှင့် ကြက်ဥမှာဈေးတက် သော်လည်း အရောင်းဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင်လားရှိုးမြို့ရှိ ကြက်သားဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်ရှိပြီး ကြက်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀ဝိ/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကြက်ဥများမှာ အလုံးအသေးအကြီး ပေါ်မူတည်၍ တစ်ပိဿာတွင်အလုံးကြီးလျှင် ၂၃လုံးပါဝင်ပြီး အလုံးသေးလျှင်၂၅/၂၆လုံးခန့် ပါဝင်ကြောင်းတွေ့ရှိရပြီး အလုံးကြီးတစ်လုံးကိုပျှမ်းမျှ ၂၂ဝိ/-ကျပ်ရှိပြီး အလုံးသေးတစ်လုံးကို ပျှမ်းမျ၂၀ဝိ/-ကျပ်ရှိကြောင်းသိရှိရပါသည်။ ကြက်မျိုးများကို တောင်ကြီးနှင့်ပြင်ဦးလွင်စသည့် မြို့နယ်များမှဝယ်ယူကြကြောင်းသိရှိရပါသည်။ ဝယ်ယူလာသောကြက်မျိုးများကိုလည်း သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ပေါင်နှင့် တန့်ယန်းမြို့များသို့လည်း ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)