
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲကို ၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ကန်ကြီးစေတီ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင် များသည် ကန်ကြီးစေတီတော်နှင့် မင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် မုဒုံမြို့ပေါ် ရပ်ကွက်များမှ လှေလှော်အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် မာရဇိန် လှေလှော်အသင်းနှင့် အောင်သိဒ္ဓိလှေလှော်အသင်းတို့က ယှဉ်ပြိုင်လှော်ခတ်ကြသည်။ မျိုးဆက် သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော် အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပ လျက်ရှိပြီး ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပထမဆု (၇)သိန်းကျပ်၊ ဒုတိယဆု (၅)သိန်း ကျပ်၊ တတိယဆု (၃)သိန်းကျပ်၊ နှစ်သိမ့်ဆုများ အသင်းတစ်သင်းလျှင် (၁)သိန်းကျပ်စီနှင့် မြို့သူမြို့သား စေတနာရှင် အလှူရှင်များက ထပ်ဆောင်းအပိုဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
DOCA (မွန်)
