အစိုးရသည် တန်ဖိုးအားဖြင့် တာကာငွေ ၄၄၆.၂၃ ကုဋေရှိသော ဆန်တန်ချိန် တစ်သိန်းကို နိုင်ငံတကာဈေးကွက်မှ ဝယ်ယူတင်သွင်းရန် အတည်ပြုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့ကြောင်း ဒါကာမြို့အခြေစိုက် Daily Sun သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါဝယ်ယူမည့် ဆန်တန်ချိန်စုစုပေါင်းအနက် မြန်မာနိုင်ငံထံမှ ဆန်ဖြူတန်ချိန် ၅၀၀၀၀ ကို အစိုးရချင်း သဘောတူညီမှုအစီအစဉ် (G-to-G agreement) ဖြင့် တင်သွင်းမည်ဖြစ်ပြီး ကျန် ရှိသောပမာဏကို နိုင်ငံတကာ အဝယ်တင်ဒါခေါ်ယူခြင်းဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ထံမှ ဘာစမာတီမဟုတ်သော ပေါင်းဆန် တန်ချိန် ၅၀၀၀၀ အဖြစ် ရယူတင်သွင်းမည် ဖြစ်သည်။
ယူအေအီးနိုင်ငံထံမှ တင်သွင်းမည့် ပေါင်းဆန်များကို ဒူဘိုင်းမြို့အခြေစိုက် Credent One FZCO ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူရေးဆောင်ရွက်မည်ဖြစ်ပြီး ဆန်တစ်တန်လျှင် ၃၅၅.၉၉ ဒေါ်လာ နှုန်းဖြင့် တာကာငွေ ၂၁၆.၉၀ ကုဋေကို ကျခံသုံးစွဲမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထံမှ ရယူတင်သွင်း မည့် ဆန်ဖြူတစ်တန်၏ ဈေးနှုန်းမှာ ၃၇၆.၅၀ ဒေါ်လာဖြစ်ပြီး စုစုပေါင်း တာကာငွေ ၂၂၉.၃၃ ကုဋေ ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဝယ်ယူရေးအတိုင်ပင်ခံကောင်စီသည် MOP ဓာတ်မြေဩဇာ တန် ချိန် ၃၅၀၀၀၊ DAP ဓာတ်မြေဩဇာ တန် ၄၀၀၀၀ နှင့် ယူရီးယားဓာတ်မြေဩဇာ တန် ၃၀၀၀၀ တို့ အပါအဝင် အခြားသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ ဝယ်ယူတင်သွင်းမှုကို လည်း အတည်ပြုခဲ့ကြောင်း Daily Sun သတင်းဌာနက ဖော်ပြပါသည်။
Source: Daily Sun, 22 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
