
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိ ယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ၆.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီက မြို့တွင်းလမ်း တစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မုဒုံမြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မော်တော်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းရေးကော်မတီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် မြို့နယ် သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဘုန်းကြီး ကျောင်းတိုက် (၇၅) ကျောင်းမှ သံဃာတော် (၁၇၇၅) ပါး နှင့် သီလရှင်ကျောင်း (၂၀) ကျောင်းမှ သီလရှင် (၂၆၂) ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်းပေါင်း (၁၀၀၀) ကျော် လောင်းလှူကြသည်။
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင် များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ဆရာတော် သံဃာတော်များနှင့် သီလရှင်များ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပြည့်စုံစွာ သီတင်းသုံးနိုင်ရေးအတွက် စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)
