ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သင့်တင်မျှတသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ၂၀၂၅ခုနှစ် စက်တင်ဘာလ(၃၀) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ကသာမြို့ပေါ် တွင်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဒို့စုစု ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းများ၏ ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချနေခြင်းများ ရှိ/မရှိ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊  သက်တမ်းလွန် ဆေးဝါးများ၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက် မပါ ရှိသောဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် သာ အတတ်နိုင်ဆုံးရောင်းချကြရန် ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)