
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် သာကေတ မြို့နယ်ရှိ ABC International Limited ဆေးကုမ္မဏီမှ တာဝန်ခံနှင့်တွေ့ဆုံ၍ ဆေးကုမ္ပဏီ အတွင်းရှိ ဆေးဝါးများအခြေအနေ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီတွင် ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြား ခဲ့ပြီး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
