
စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေးကြီး ဒေါ်သဲစုရီ၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဦးခင်မောင်ဝင်း ဝက်သား ဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင် များအား မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ခွင်၊ ကတ္တား၊ မှန်ကန်စွာ ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အလေးထားလိုက်နာဆောင်ရွက်သွားကြရန် စားသုံး သူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ရောင်းချလျက်ရှိသော ဝက်သား၊ အမဲ သား၊ ဆိတ်သားတို့၏ ဈေးနှုန်းများအား ဈေးဝယ်လာသူများထံ မေးမြန်းစုံစမ်း စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
