၂၀၂၅ ခုနှစ်၏ ၉ လတာအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၈၈ ဘီလီယံ ရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ

Powered by Drupal

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာအတွင်း လယ်ယာထွက်ကုန်တန် ချိန် ၁၁.၁၃ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ပြီးခဲ့သည်နှစ်ကတင်ပို့ခဲ့သော ၈.၅၃ သန်းကိုကျော် လွန် ၍ ၃၀.၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

          အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလ နှင့် စက်တင်ဘာလအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၈၈ခု သို့ လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၃.၈၈ ဘီလီယံရရှိခဲ့ကြောင်းသတင်းအချက်အလက် များအရသိရ သည်။

          ပြည်ပပို့ကုန်များအတွက် အဓိက လယ်ယာထွက်ကုန်များတွင် ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ သရက်သီး၊ ငှက်ပျောသီး၊ ငရုတ်ကောင်း၊ သီဟိုဋ်စေ့၊ ဒူးရင်းသီးနှင့် ပြောင်းဖူးတို့ပါဝင်သည်။ ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားထုတ်ကုန်များ အတွက် ကြီးမားသော စျေးကွက်ဖြစ်ကြောင်း အထူးသဖြင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)