
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီး အရာရှိ)သည် ၂၆.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာရှိ ပြည့်စုံ ပဲကြော်လုပ်ငန်းရှင်မှ လာရောက်တွေ့ဆုံမှုတွင် ကုန်အညွှန်းအမှတ် အသားများနှင့်ပတ်သက်၍ ကုန်စည်များ၌သိသာထင်ရှားစွာထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူ ကာကွယ်ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ အခန်း(၁၈) ပုဒ်မ(၄၁) နှင့်ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိ ပေးချက်တို့ကိုထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော် မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA (မန္တလေး)
