
၂၆-၉-၂၀၂၅ ရက်နေ့ ၊ သောကြာနေ့ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် မြင်းခြံမြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ၊ Community Center ခန်းမ၌ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ၁/၂၀၂၅ အား သင်တန်းသူ/သား ၂၀ ဦးခန့် ဖြင့် ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ကော်မ တီအဖွဲ့ဝင်များ၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်းများဦးစီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာနနှင့်အခြား ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများလည်းတက်ရောက်ခဲ့ကြ သည်ဟု သိရပါသည်။ မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက သင်တင်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဖွင့်လှစ်ခဲ့ပြီးသောသင်တန်းများနှင့်ပတ်သက်၍ အကျိုးပြုလုပ်ဆောင် ခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်အဆိုပါသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများအား စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
DOCA (မန္တလေး)
