
ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေးအတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ဆန်ရောင်းချမှုအခြေအနေများကို (၈.၁၀.၂၀၂၅)ရက်နေ့ ၊ နေ့လ ယ် (၁၅း၀၀)နာရီအချိန်တွင် အမှတ် (၃၂၀)၊ အောင်မေတ္တာလမ်း၊ ဒေါပုံမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များရှိရောင်းချနေသောဆန်များသည်ဆန်ကြမ်း၊ ဆန်ချော၊ ဆန်ကွဲ မြေပြင်လက်ကျန်စာရင်းကောက်ယူခြင်းများဆောင်ရွက်ခဲ့၍ ဆန်ရောင်းချမှု မှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်နှင့် မြန်မာနိုင်ငံဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
