ပြည်ကြက်သွန်နီဈေးကွက်၌ ယခုဝါလကင်းလွတ်သီတင်းကျွတ်နှင့် ကထိန်ရာသီကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း မိုးတွင်းကာလရေစို မိုးမိသည့် ကြက်သွန်နီများမှာ ဈေးအနည်းငယ်ကျသွားပြီး အရည်အသွေး ကောင်းသည့် ကြက်သွန်နီများမှာ ဈေးမကျဘဲဈေးကောင်းလျက်ရှိနေပါသည်။ ပျော်ဘွယ်၊ မြင်းခြံ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်း စသောဘက်မှ ကြက်သွန်နီများ (၂၅)ပိဿာဝင် အိတ် ၄၅၀ခန့် နေ့စဉ် အဝင်ရှိနေပြီး ဝင်ရောက်မှု၏ လေးပုံသုံးပုံခန့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် များထက် ဝင်ရောက်မှုများသလို အရောင်းအဝယ်လည်း သွက်နေကြောင်း သိရှိရပါသည်။ ဈေးနှုန်း များမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၃၂၀၀/၃၁၀၀-၃၀၀၀/ ၂၉၀၀ တို့ရှိပြီး လက်လီဈေး အသေးများတွင် ကျပ် ၃၅၀၀/၃၃၀၀/၃၂၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ် မှုရှိနေကာ ရေစိုမိုးမိ ကြက်သွန်နီများမှာ တစ်ပိဿာလျှင် ဈေးနှုန်း ၁၅၀-၂၀၀ကျပ် အကွာဖြင့် ဈေးချလျက် ရောင်းချမှုရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)