
(၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် အုန်းနှဲကုန်းကျေးရွာ၊ ဒရယ်ဘို ကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ ဇွန်နှင့်မွန်အလှပစုဝေးရာလုပ်ငန်း အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးမှ လုပ်ငန်းရှင်ဖြစ်သူနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းဆွေးနွေးပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင် လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင် စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
