ပြည်ကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ဈေးထက် ယခုလ ပဲဈေးနှုန်းမှာ ပိုကောင်းလျက်ရှိနေကြောင်း သိရှိရပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ် အောက်တိုဘာလအစတွင် ပဲတစ်တင်းလျင် (၅၀၀၀၀)ကျပ် ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာ ပထမပတ်တွင် ပဲတစ်တင်းလျင် ၆၀၀၀၀-၆၀၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်တင်းလျင် ကျပ် (၁)သောင်းခန့်ပိုခဲ့ပါသည်။ တစ်ရက်ကို ရန်ကုန် အဝယ် ၂၀၀/၂၅၀ခန့်သာရှိပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။
ပဲစင်းငုံ
ယခင်နှစ် အောက်တိုဘာလအစတွင် ပဲစင်းငုံဈေးတစ်တင်းလျင် ၄၃၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၅၀/၂၀၀ခန့်သာ အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလအစတွင် ပဲစင်းငုံ တစ်တင်းကို ၆၁၀၀၀ ကျပ်ရှိခဲ့ပါသည်။ ယခင်နှစ်ထက် ပဲတစ်တင်းကို ၁၈၀၀၀ကျပ်ခန့် ပိုခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ် အောက်တိုဘာလ ကုလားပဲသီးနှံဈေးနှင့် ယခုနှစ် ကုလားပဲ သီးနှံဈေးနှုန်းနှိုင်းယှဉ်ကြည့်လျင် တစ်တင်းကို ၁၅၀၀၀ကျပ်ခန့် ဈေးပိုခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်အောက်တိုဘာလတွင် ကုလားပဲ(HL)တစ်တင်းကို ၄၅၀၀၀ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ် အောက်တိုဘာလတွင် ကုလားပဲ(HL) တစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် အောက်တိုဘာလ အစတွင် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားများနှင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။
ပဲကြီး
ပဲကြီးသီးနှံသည် ယခင်နှစ်အောက်တိုဘာလအစတွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၄၂၀၀၀ ကျပ်ဖြစ်ပြီး ယခုအောက်တိုဘာအစတွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၇၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် နှင့် နှိုင်းယှဉ်လျင် ယခုနှစ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို ၃၅၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရပါသည်။
စားတော်ပဲ
ယခင်နှစ် အောက်တိုဘာလအစတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၆၀၀၀၀ကျပ် ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၀၀)ခန့်သာ အဝယ်ရှိပါသည်။ ယခုနှစ်အောက်တိုဘာလအစတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၃၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် အောက်တို ဘာလအစနှင့် ယခုနှစ်တွင် တစ်တင်းကို ၇၀၀၀၀ကျပ်ခန့် ပိုကောင်းခဲ့ပါသည်။
ဘိုကိတ်
ဘိုကိတ်ပဲဈေးမှာ ယခင်နှစ်အောက်တိုဘာလတွင် ပဲတစ်တင်းကို ၃၆၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၁၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်အောက်တိုဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန် အဝယ်ရှိခဲ့ ပါသည်။
ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်အရောင်းအဝယ်ဖြစ်မှုမှာ ယခင်နှစ်ကထက်ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)