
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၇.၁၀.၂၀၂၅) ရက်နေ့ (၁၀:၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံနှင့် မအူပင်ခရိုင်ဦးစီးမှူးတို့က ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ပန်းတနော် ဆန်စပါးဈေးကွက်နှင့် ဒေသတွင်းစပါးစိုက်ပျိုးထွက်ရှိမှုအပေါ် ဝယ်ယူကြိတ်ခွဲမှု တင်ပို့ရောင်းချမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး ဆန်စက်အတွင်း စပါးကြိတ်ခွဲလည်ပတ်မှုနှင့် ဆန်သိုလှောင်ထားရှိမှ အခြေအနေများ၊ ကောင်းမွန်သော ထုတ်ကုန်ဖြစ်စေရန်အတွက် ဆန်စက်တွင် အသုံးပြုလျက်ရှိသည့် Gasifier အသုံးပြုသောဆန်စက် များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရသည်။
DOCA (ဧရာဝတီ)
