
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ရွှေဝါနဒီဆန်စက်အား (၈.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြု လုပ်ခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအ ကြောင်းကို မေးမြန်းခဲ့ပြီး လုပ်ငန်းရှင်မှ ဆန်စက်အကျယ်အဝန်း (၁၆.၂၆)ဧက ရှိပြီး၂၀၁၉ခုနှစ်မှ စတင်းခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၁၁၇)ဦးရှိပြီး( လုပ်သားအင်အား(၅၀၀)ခန့်ရှိကြောင်း၊ စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများရှိပြီး ဆန်စပါး ခွန်ချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသို လှောင်ရုံများနှင့် စနစ်တကျလည်ပတ်နေပြီး၊ ကောင်မွန်သော ဆန်အရည်အသွေးဖြင့် ဖြန့်ချီနိုင် ရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး၊ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို ပူးပေါင်းဆောင် ရွက်လုပ်ကိုင်လျက်ရှိကြောင်းကိုရှင်လင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
