
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅) ရက်နေ့ ၊နေ့လယ် (၁၂:၃၀) နာရီ အချိန်တွင် နတ်ပေး (မူလွန်) ကျောင်းမုန့်ဈေးတန်းမှ မုန့်ဆိုင် ၅ဆိုင်အား ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ စစ်ဆေးမှုတွင် စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက ကျောင်းမုန့်ဈေးတန်းတွင် ရောင်ချနေသော မုန့်ဆိုင်လုပ်ငန်းရှင်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ရန်နှင့် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်၊ FDA ဌာနမှ တားမြစ်ထားသော မုန့်များကို ရောင်းချခြင်းမပြုရန်၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ခံရမည်ဖြစ်၍ လေးစားလိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)
