“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းစားသုံးဆီအမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ကုန်ခြောက်ဆိုင်များတွင် ရောင်းချနေသော ဗူးဆီ (စားသုံးဆီအမျိုးမျိုး)တို့ကို စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန် တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်  မြို့မဈေးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုရှိ/မရှိ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါ ညွှန်ကြားထားချက်များနှင့် ထည့်သွင်းဖော်ပြထား ခြင်းများရှိ/မရှိနှင့် FDAထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး ဈေးဆိုင်ပိုင်ရှင်များအား မြို့နယ်တာဝန်ခံက ညွှန်ကြား ချက်ပါ အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ ဆိုင်တွင် ရောင်းချနေသော ဗူးဆီ (စားသုံးဆီအမျိုးမျိုး)တွင် ထိုအချက်များဖြင့် ပြည့်စုံသော ကုန်စည်ကို ရောင်းချခြင်းဖြင့် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေဘဲ အခြေခံလိုအပ်ချက် များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန် ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)