Hung Yen ပြည်နယ်တွင် အမေရိကန်‌ဒေါ်လာ ၂.၆ ဘီလီယံတန် LNG စွမ်းအင်စက်ရုံကို စတင်တည်ဆောက်

Powered by Drupal

          သန့်စင်သောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-ဂျပန်မိတ်ဖက်ဖွဲ့မှုမဟာဗျူဟာတွင် အဓိကခြေလှမ်းတစ်ရမ်ဖြစ်သည့် Thai Binh LNG စွမ်းအင်စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားကို Thai Binh LNG Power JSC နှင့် သက်ဆိုင်ရာရှယ်ယာရှင်များက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Thai Binh LNG Power JSC ၏ အဓိကရှယ်ယာရှင် ၃ ခုမှာ ဂျပန်၏ Tokyo Gas (ရှယ်ယာ ၄၀ ရာခိုင်နှုန်း)၊ ဂျပန်၏ Kyuden International ( ၃၀ ရာခိုင်နှုန်း) နှင့် TTVN Group ( ၃၀ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆၉ ဘီလီယံတန်ဖိုးရှိသည့် ထိုစက်ရုံသည် ၂၆၉ ဟတ်တာကျယ်ဝန်းပြီး ၅၇ ဟတ်တာမှာ ကုန်းမြေပေါ်နှင့် ၂၁၂ ဟတ်တာမှာ ကမ်းလွန်တွင်ရှိကြောင်း သိရပါသည်။ ဆောက်လုပ်မှုကို ၂၀၂၉ ခုနှစ် စတုတ္ထ ၃ လပတ်ကာလတွင် ပြီးမြောက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ စတင်လည်ပတ်ပါက စက်ရုံသည် နှစ်စဉ်လျှပ်စစ် ၆ နှင့် ၁၀ ဘီလီယံ kWh ထုတ်လုပ် နိုင်ရန်မျှော်မှန်းရပြီး ဆောက်လုပ်ရေးလုပ်ကိုင်စဉ်အလုပ်အကိုင် ၂၀၀၀ နှင့် စတင်လည်ပတ်ပါက ၃၀၀ ပတ်လည်ကို အမြဲတမ်းဝန်ထမ်းခန့်အပ်နိုင်ကြောင်း သိရပါသည်။ မဟာဗျူဟာနိုင်ငံတော် စွမ်းအင်ကနဦး ဆောင်ရွက်မှုတစ်ခုအဖြစ်အသိအမှတ်ပြုခံရသည့် ထိုစီမံကိန်းသည် ဗီယက်နမ် မြောက်ပိုင်းနှင့် ဗီယက်နမ်တစ်နိုင်ငံလုံး စွမ်းအင်ဖူလုံမှုအားကောင်းရန် ကူညီပေးနိုင်မည်ဟုသိရပါသည်။ စုစုပေါင်းလျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းပတ်လည်ရှိသည့် ဗီယက်နမ်မြောက်ပိုင်း သည် နှစ်စဉ်သုံးစွဲမှု ၁၀ ရာခိုင်နှုန်းကျော်ကြီးထွားနေသောကြောင့် စွမ်းအင်မလုံလောက်မှု စွန့်စား ရနိုင်မှုနှင့် ရင်ဆိုင်ရကြောင်း သိရပါသည်။ ထို Thai Binh LNG စီမံကိန်းသည် စွမ်းအင်လိုအပ်မှု များမြင့်တက်လာမှုကို ဖြေရှင်းရန် အချိန်ကိုက်ဖြေရှင်းချက်ဖြစ်ပြီး အမျိုးသားဓာတ်အားလိုင်းအပေါ် ဖိအားများကို ပြေလျှော့စေကြောင်း သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)