ရုရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုလျှံမှုသည် ၂၀၂၅ ခုနှစ် ပထမ ၈ လ အတွင်း ၁၄.၁၃ ရာခိုင်နှုန်း ကျဆင်း

Powered by Drupal

               ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုလျှံမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် ယခင်နှစ်ကထက် ၁၄.၁၃ ရာခိုင်နှုန်း ကျုံ့သွားပြီး အမေရိကန်ဒေါ်လာ ၈၆.၃ ဘီလီယံသို့ ရောက်ရှိသွားကြောင်း ရုရှားနိုင်ငံ၏ Federal Customs Service မှ အောက်တိုဘာလ ၁၀ ရက်နေ့က ပြေားကြားခဲ့ပါသည်။

          အကောက်ခွန်ဌာန၏ စာရင်အချက်အလက်များအရ ရုရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၄၂.၁ ဘီလီယံ ထိရှိပြီး ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အထူးသဖြင့် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၆၄.၂ ဘီလီယံ ထိ ရှိပြီး ၅.၂  ရာခိုင်နှုန်း ကျဆင်းခဲ့ကာ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၇၇.၉ ဘီလီယံ ထိရှိခဲ့ပြီး ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း  Federal Customs Service ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

          ၂၀၂၄ ခုနှစ် ပထမ ၈ လ အတွင်း ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အပိုငွေသည် အမေရိကန်ဒေါ်လာ ၁၀၅.၅ ဘီလီယံ ရှိခဲ့ပါသည်။ အာရှနိုင်ငံများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရုရှား၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ၇၂.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါသည်။ ထိုနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဥရောပနိုင်ငံများသည်လည်း ရုရှား၏ နိုင်ငံခြားကုန်သွယ်မှု ၁၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ကုန်သွယ်မှု ပမာဏသည် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

Source : Xinhua 

DOCA (ရန်ကုန်)