
နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက်သည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ၂၃၀၃၀၀ ဦးထိ မြင့်တက်လာပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၆၀၀၀ ဦး သို့မဟုတ် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု Stats NZ က အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါတိုးတက်မှုသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ မှတ်တမ်း၏ ၉၂ ရာခိုင်နှုန်း အထိမြင့် တက်လာပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ အထိ တစ်နှစ်အတွင်း ရောက်ရှိလာသူများမှာ ပြင်ပမှ ဧည့်သည် ၃.၄၁ သန်း၊ နယူဇီလန်နိုင်ငံသား ခရီးသွား ၃.၀၆ သန်းအထိ ရှိခဲ့ပါသည်။ ဩဂုတ်လတွင် စုစုပေါင်း နယ်စပ်ဖြတ်ကျော်မှု ၁.၀၁ သန်း အထိ ရောက်ရှိခဲ့ပါသည်။
ခရီးသွားဝန်ကြီး Louise Upston က နိုင်ငံ၏ ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံးရရှိသော လုပ်ငန်းဖြစ်သည့် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်ရန်အတွက် အဓိကကျသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူများကြောင့် အစားသောက်ဆိုင်များ၊ ဟိုတယ်ခန်းများနှင့် စိတ်ဝင်စားစရာနေရာများတွင် လူများစည်ကားလာကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
