ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်သည် မိုးရွာသွန်းမှုများသည့်ဒေသ ဖြစ်သည့်အလျောက် ယခုအချိန်အခါသည် ဒေသထွက်စိုက်ပျိုးသီးနှံများ ထွက်ရှိမှုနည်းပါးသည့် အတွက် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ အာလူးနှင့် မုန်ညင်းထုပ်များသယ်ယူရောင်းချလျက်ရှိရာ ညောင်လေးမြို့ထိသယ်ယူပို့ဆောင်ခအနေဖြင့် ၁ ပိဿာ ၂၀၀/ ကျပ် ဝန်းကျင်ခန့်ကုန်ကျပြီး၊ ညောင်လေးပင်မြို့မဈေးတွင် ၊ ၁ ပိဿာ လက်လီရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး -၂၄၀၀ ကျပ်၊ ပန်းဂေါ်ဖီ - ၂၀၀၀ ကျပ်၊ အားလူး-၃၀၀၀ ကျပ်နှင့် မုန်ညင်းထုပ် -၂၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)