
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ (၁၆း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ JINXIN Techonology Sagaing Company Limited ဖုန်းအားသွင်းကြိုးအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းစစ်ဆေးခဲ့ရာ “CMP” စနစ်ဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး၊ လက်ခစားလုပ်ငန်းဖြင့် လုပ်ကိုင်ခဲ့ပြီး ကုန်ကြမ်းများကို တရုတ်နိုင်ငံတွင် ဝယ်ယူပြီး ကုန်ချောများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ပြီး လုပ်သားအင်အား(၁၀၀၀)ကျော်ရှိပြီး တစ်ဦးလျှင်လုပ်အားခ တစ်လကျပ်(၂၀၀၀၀၀/- ၃၀၀၀၀၀/-မှ ၃၅၀၀၀၀/-)ထိ အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဦးမြင့်လွင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
