ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စုပေါင်း၍ ပလပ်စတစ်အမှိုက်များကောက်ခြင်းဆောင်ရွက်

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အပတ်စဉ် စနေနေ့တိုင်း စုပေါင်းပလပ်စတစ်ကောက်ခြင်းကို (၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၆:၃၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအမှိုက်ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများဦးဆောင်သော ပလပ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လျှပ်စစ်ရုံးရှေ့မှ စတင်ကာ မြင်းကပါကျေးရွာ တောင်ဘက် နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ စိမ်းညက်ညီအမဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရားမှသည် လမ်းဘေးဝဲယာတလျောက် ပလပ်စတစ်အမှိုက် ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများနှင့်အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ Balloon အဖွဲ့သားများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များရှိ အသင်းသား/အသင်းသူများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ အသင်းသူ/အသင်းသားများပါဝင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပလပ်စတစ်ကင်းရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)