
ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၄၀)ကျပ်၊ 95 Octance(၃၂၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၅၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၅၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
