
၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန့်ဇင်လင်း ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူ ရေးရာ ဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ FDA ထောက်ခံချက်သက်တမ်း ကုန်ဆုံး နေသော သူရိန်လင်း သောက်ရေသန့်လုပ်ငန်းမှ သက်တမ်းတိုး ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ဆက်လက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါးလက်လီ၊လက္ကား ရောင်းချခွင့် လိုင်စင် သက်တမ်း ကုန်ဆုံး၍ သက်တမ်းတိုးလျှောက်ထားသော KY & Associates Distribution (မန္တလေးကိုယ်စားလှယ်)ဆေးဆိုင်သို့ ဆေးဂိုဒေါင်များ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊အောင်မြေသာစံမြို့နယ်တာဝန်ခံမှကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
