“သြဇာသီးများစျေးနှုန်းအနည်းငယ်ကျဆင်း”

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင်  ရာသီစာအသီးအနှံများကို  စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခုအခါ  ပုပ္ပါးဒေသမှ ဩဇာသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ သြဇာသီးကို အိန္ဒိယလူမျိုးတွေက အစိမ်းစားသည့် အပြင် ကိတ်မုန့်တွေ မုန့်အချို တွေလုပ်စားကြကြောင်း၊ ကျောက်ဆည် ဈေးကွက်အတွင်းသို့ သြဂုတ်လတွင် စတင် ဝင်ရောက်လျက်ရှိပြီး  သြဇာသီးစျေးနှုန်းအနေဖြင့် စက်တင်ဘာလ ပထမအပတ်တွင် အကြီးတစ်လုံး လျှင် (၁၃၀၀/-)၊ အလတ်တစ်လုံးလျှင်(၁၀၀၀/-)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ပထမပတ်၊ ဒုတိယပတ်။တတိယပတ်များတွင် စျေးနှုန်းတည်ငြိမ်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် အကြီးတစ်လုံးလျှင် (၇၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင် (၅၀၀/- ကျပ်၊ အသေးတစ်လုံးလျှင်(၃၀၀/-) ကျပ် စျေးနှုန်းများဖြင့် ‌ရောင်းချလျှက်ရှိပြီး သြဇာသီး များလှိုင်လှိုင် ဝင်ရောက်လျက်ရှိသောကြောင့် စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းသိရှိရပါ သည်။

DOCA(မန္တလေး)