
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင် အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဓာတ်မြေဩဇာအမျိုးအစားလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ကျော် ထွန်း၊ မကျီးတန်းရပ်ကွက် ပြည်တော်သာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရွှေဖိုးတေဓာတ်မြေဩဇာ အရောင်းဆိုင်နှင့် စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဓနအောင် ဓာတ်မြေဩဇာအရောင်းဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များ အား ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရာတွင် အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးအား သယ်ယူစရိတ်ပါ မိမိတို့ဒေသအရောက် ပြန်လည်ဖြန့်ဖြူးရမည့် ဈေးနှုန်းသတ်မှတ်ထားသည့် အတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ မပြု လုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
