ပြွန်တန်ဆာမြို့နယ်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် “ ရွှေထိပ်တန်း ” မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော လုပ်ငန်းရှင် ဦးမျိုးလှိုင် အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမျိုးလှိုင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)