ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများ မိသားစု မိတ်ဆုံစားပွဲ ကျင်းပ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှု ဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ထမင်း၊ ဟင်းအမယ်များဖြင့် ဝန်ထမ်းများ မိသားစုမိတ်ဆုံစားပွဲကို  ၂၄.၉.၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအတွင်း ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိစေပြီး လက်ရည်တစ် ပြင်တည်း အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ရည်ရွယ်ချက်ဖြင့် ဌာနအတွင်း မိသားစုမိတ်ဆုံ စားပွဲများကို ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအားလျော်စွာ အဆိုပါ အလေ့အကျင့်ကောင်းများကို ကျင့်သုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဝန်ထမ်းများ မိသားစုမိတ်ဆုံစားပွဲများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၊ မြို့နယ်များတွင် အနည်းဆုံးတစ်လလျှင် တစ်ခါကျင်းပလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)