မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ အောက်တိုဘာလ ပထမပတ်တွင် ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၃၀၀၀၊ ငါးကြင်းဖြူခြောက် (၁)ပိဿာလျှင် ကျပ် ၁၀၀၀၀၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်၁၀၀၀၀ မှ ၂၀၀၀၀၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်၃၅၀၀၀ မှ ၆၀၀၀၀ ရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆား အပေါ့၊ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ပုဇွန်ခြောက်များကို ရခိုင်ပြည်နယ်မှလည်းကောင်း ငါးခြောက်များကို ရန်ကုန်၊ ရခိုင်ပြည်နယ်တို့မှ လည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။
DOCA(မကွေး)