အမေရိကန်သို့ ပုဇွန်ဆက်လက်တင်ပို့နိုင်သေးသည့် အင်ဒိုနီးရှား

Powered by Drupal

                အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (KKP) ကအမေရိကန် အာဏာပိုင်များထံမှ သွင်းကုန်စည်းမျဉ်းများတင်းကျပ်ထားသော်လည်း နိုင်ငံသည် အမေရိကန်သို့ ပုဇွန်ဆက်လက်တင်ပို့နိုင်သေးကြောင်း ပြောကြားခဲ့ပါသည်။ရေကြောင်းနှင့် ငါးထုတ်ကုန်များ အရည်အသွေးထိန်းချုပ်ရေးနှင့်ကြီးကြပ်ရေးအေဂျင်စီ၏အကြီးအကဲဖြစ်သူ Ishartini က တင်းကျပ်မှုများသည် ကုမ္ပဏီအချို့နှင့် ဒေသအချို့ကိုဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့ က ပြောကြားခဲ့ပါသည်။ Serang မြို့ Cikande စက်မှုဇုန်ရှိ ကုမ္ပဏီတစ်ခုမှအမေရိကန်သို့ တင်ပို့သည့်ပုဇွန်များတွင် ရေဒီယိုသတ္တိကြွသော Cesium-137 တွေ့ရှိခဲ့သောကြောင့် ပယ်ဖျတ်ခံရ သောစာရင်းတွင်ပါဝင်ပြီး တင်ပို့ခွင့်မရကြောင်း သိရပါသည်။ သို့သော် Medan မြို့တွင်တည်ရှိ သည့် ထိုတူညီသည့်ကုမ္ပဏီမှာမူ ဆက်လက်တင်ပို့နိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Java နှင့် Lampung ရှိပုဇွန်ပြုပြင်ထုတ်လုပ်သည့်ကုမ္ပဏီများမှာအမေရိကန်သို့ဆက်လက်တင်ပို့ နိုင်ခဲ့သော်လည်း Cesium-137 ကင်းစင်ကြောင်းအသိအမှတ်ပြုလက်မှတ်လိုအပ်ကြောင်း သိရပါ သည်။ KKP အရည်အသွေးအေဂျင်စီကထုတ်ပြန်သည့် ထိုအသိအမှတ်ပြုလက်မှတ်ကို အမေရိကန်အာဏာပိုင်များက အသိအမှတ်ပြုကြောင်း သိရပါသည်။ KKP ထံမှအချက်အလက် များအရငါးပြုပြင်ထုတ်လုပ်သည့်လုပ်ငန်း ၄၁ ခုသည် ထိုထပ်တိုးလိုအပ်ချက်များ ရရှိရမည်ဖြစ် ကြောင်း သိရပါသည်။ ထိုလုပ်ငန်းအားလုံးသည် KKP ထုတ်ပြန်သည့် အသိအမှတ်ပြုလက်မှတ် ရရှိပါက အမေရိကန်သို့ပုဇွန်ဆက်လက်တင်ပို့နိုင်ကြောင်း သိရပါသည်။

        DOCA (ရန်ကုန်)