၂၀၂၅ ခုနှစ်ကုန်တွင်ငါးဖမ်းကျေးရွာ ၆၅ ခုကိုအဆင့်မြှင့်တင်မည့်အင်ဒိုနီးရှား

Powered by Drupal

             အင်ဒိုနီးရှားအစိုးရသည် ၂၀၂၅ နှစ်ကုန် သို့မဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် Red and White ငါးဖမ်းကျေးရွာများ (KNMP) ပရိုဂရမ်မှတစ်ဆင့် နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံးကျေးရွာ ၆၅ ခုကိုအဆင့်မြှင့်တင်ရန် ရည်မှန်းချက်ချထားကြောင်း သိရပါသည်။ ရေကြောင်းရေးရာနှင့် ငါး လုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono ကလတ်တလောတွင် ကျေးရွာ ၆၅ ခုကိုတည်ထောင် နေပြီး ထိုစီမံကိန်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြီးမြောက်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။ KNMP အတွက် ကနဦးရည်မှန်းချက်ကို နိုင်ငံ‌တော်ဦးစား‌‌ပေးပရိုဂရမ်အဖြစ်ကြေညာထားပြီး ရေကြောင်း ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက အမိန့်ဒီကရီ နံပါတ် ၅၅/၂၀၂၅ ဖြင့်ထုတ်ပြန်ထားကြောင်း သိရပါသည်။ ထိုပရိုဂရမ်၏ကနဦးရည်မှန်းချက်ကိုပံ့ပိုးရန်အတွက် အစိုးရသည် ဘဏ္ဍာငွေ ခန့်မန်း အမေရိကန်ဒေါ်လာ သန်း ၈၀ ခွဲဝေချထားပေးကြောင်း သိရပါသည်။ကျယ်ပြန့်သောနိုင်ငံတော် အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် KNMP ပရိုဂရမ်သည် သမ္မတ Prabowo Subianto အစိုးရအဖွဲ့သက်တမ်းကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်ကုန်တွင် ငါးဖမ်းကျေးရွာ ၁၁၀၀ ထိရောက်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ပရိုဂရမ်သည်  ကမ်းရိုးတန်းကျေးရွာများတွင်ဆိပ်ကမ်းများ၊ လမ်းများ၊ ရေမြောင်းစနစ်များနှင့် လျှပ်စစ်စနစ်များပါဝင်သည့် အဓိကအခြေခံအဆောက်အအုံ များကို တည်ဆောက်ရန်နှင့် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် အအေးသိုလှောင်ရုံများ၊ ရေခဲထုတ်လုပ်သည့်စက်ရုံများ၊ လှေပြုပြင်ရေးနှင့် ထိန်းသိမ်းရေးဆိုင် များ၊ လောင်စာဆီဆိုင်များနှင့် ထောက်ပံ့ပို့ဆောင်ရေးအခန်းများကိုလည်း ပံ့ပိုးပေးမည်ဟု သိရပါ သည်။ အခြေခံအအဆောက်အအုံအပြင် ပရိုဂရမ်သည် ငါးလုပ်ငန်းကဏ္ဍတွင် မျှတပြီးတည်ငြိမ် သောအလေ့အထများကို မြှင့်တင်ရန် ခွဲတမ်းအခြေခံသည့် ငါးဖမ်းစနစ်အကောင်အထည်‌ဖော်ရာ တွင် ပံ့ပိုး‌ပေးသွားမည်ဟု သိရပါသည်။

        DOCA (ရန်ကုန်)