
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဥဇဘက်ကစ္စတန်အစိုးရ၏ ကဏ္ဍစွမ်းဆောင်ရည်ကို အား ကောင်းစေကာ စီးပွားရေးအုပ်ချုပ်မှု တိုးတက်စေရေးနှင့် ကမ္ဘာ့ စီးပွားရေးတွင် နိုင်ငံ၏ပေါင်းစည်းမှု ကို အရှိန်မြှင့်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ မူဝါဒအခြေခံ ချေးငွေကို အတည်ပြု လိုက်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
စီးပွားရေး စီမံခန့်ခွဲမှု မြှင့်တင်ရေး အစီအစဉ်သည် အစောပိုင်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု များအပေါ် မူတည်၍တည်ဆောက်ထားပြီး ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု မြှင့်တင်ရန်၊ နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုကို ခေတ်မီစေရန်နှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ ခိုင်မာသော စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန် မျိုးဆက်သစ် အဖွဲ့အစည်းဆိုင်ရာ အစီအမံများကို ပံ့ပိုးပေး ထားကြောင်း ADB က သတင်းထုတ်ပြန်ခဲ့သည်။
ထိုအစီအစဉ်သည် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အားလုံးပါဝင်နိုင်သော တိုးတက် မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုအပေါ် ဥဇဘက်ကစ္စတန်၏ ခိုင်မာသော ကတိကဝတ်ကို ထင် ဟပ်စေကြောင်း ADB မှ Uzbekistan Kanokpan Lao-Araya မှ ပြောကြားခဲ့သည်။
ဥဇဘက်ကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်မှုနှင့် ပိုမိုနက်ရှိုင်းသော ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံမှုဆီသို့ ရွေ့လျားနေသောကြောင့် နိုင်ငံတိုးတက်စေမည့် အလား အလာများကိုလမ်းခင်းပေးသည့် ပြုပြင်ပြောင်းလဲမှုများကို ADB က ဆက်လက်ပံ့ပိုးပေးရန် ကတိပြု ထားကြောင်း Lao-Araya က ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)
