ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော်နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့်အကျိုးစီးပွားရေးကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမ (၃)ဦး၊ ကျောင်းသား/ ကျောင်းသူ (၈၅) ဦး၊ စုစုပေါင်း(၈၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဌာန၏ သမိုင်း ကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း သည့်အကြောင်း အရာများ၊ အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် ကုစားပေးခြင်းများ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)