
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအကြောင်း အသိ ပညာပေးTalk Show အစီအစဉ် ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူရေးရာဦးစီးဌာနသည် စား သုံးသူပြည်သူများအပေါ် ကုန်စည်/ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း ရေး /ကျန်းမာရေးနှင့်စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေရေး၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင်မှုများကိုဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး လုပ်ငန်း များကို စစ်ဆေးရေးအရာရှိများက ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကိုစောင့်ကြည့်နိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန် အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တာဝန်ရှိကြောင်း စသည် တို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)
