စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၅၀) အချိန်တွင်အမှတ်(၁၄)၊ အခြေခံပညာ အလယ်တန်း(တွဲ)ကျောင်း၌ Consumer Call Center (1535) စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံး သူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်း အချက် အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင် ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် အမှတ်(၁၄)၊ အခြေခံပညာအလယ် တန်း(တွဲ)ကျောင်းမှ မအေးမြင့်ခိုင် Grade-8 ကျောင်းသူမှ Consumer Call Center (1535) လိုင်းခွဲ (၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးများအကြောင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
