Shwe Than Lwin Media Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည်(၂:၃၀)နာရီအချိန်တွင် တာမွေမြို့နယ်ရှိ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Shwe Than Lwin Media Co.,Ltd အင်တာနက် ဝန်ဆောင် မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်ရှိ Shwe Than Lwin Media Co.,Ltd သို့ သွားရောက်ကာကုမ္ပဏီမှ ဆောင်ရွက်နေသော ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု လုပ်ငန်းနှင့်ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာ ဆောင်ရွက်ရမည့် အချက်(၁၁)ချက်အား လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် သိသင့်သိထိုက်သော အချက်များကိုလည်း အသိ ပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

         DOCA (ရန်ကုန်)