
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ၊ ကလေးဝမြို့၌ ထိန်ထိန်ဝင်း သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စက်ရုံများအား ( ၁၆.၁၀.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ကလေးဝမြို့ပေါ်ရှိ ထိန်ထိန်ဝင်းအမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ် ရောင်းချလျက်ရှိသည့် အလုပ်ရုံသို့ သွားရောက်၍ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုများ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပြီး၊ စားသုံးသူကာကွယ်ရေးကဥပဒေပါ မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ထားသိုသိမ်းဆည်းရာတွင်လည်း စနစ်တကျ ထားသိုရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
