ဖောင်းပြင်မြို့အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  (၁၇.၁၀.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင် မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ချမ်းသာဆေးဆိုင်၊ စွမ်းထက်အောင်ဆေးဆိုင်နှင့် စန်းဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ၊ ဆေးဝါးများအား ဈေးနှုန်းကြီးမြှင့်၍ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆေးဝါးရောင်းချခွင့် လိုင်စင်များ သက်တမ်း ကုန်ဆုံးမှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)