
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင်(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများ၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှု မရှိစေရေးအတွက် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ (၂၇A) တာမွေဈေးဟောင်းလမ်း၊ “အောင်ချမ်းသာ” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များဆောင် ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက်(၉၀)၊ ဇီယာ၊ ဆင်းသွယ်၊ မြောင်းမြပေါ်ဆန်း စသည့် ဆန်များရောင်းချလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိတို့ကိုစစ်ဆေး ခဲ့ပြီးဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့်ဈေးနှုန်းကြီးမြှင့်စွာရောင်းချခြင်းများကိုစိစစ်တွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)
